Dota 2 Esport လောကမှာ ဆုကြေးအများဆုံးပိုင်ဆိုင်ထားတဲ့အပြင် ဆုကြေးအများဆုံး TI5 ရဲ့ပိုင်ရှင် Evil Geniuses
Evil Geniuses အသင်းဟာ မြောက်အမေရိက California ပြည်နယ် San Francisco မှာ
ဖွဲ့စည်းထားတဲ့ အသင်းဖြစ်ပါတယ်။ အသင်းကို တည်ထောင်တဲ့သူကတော့ Alexander
Garfield ဖြစ်ပီး ၁၉၉၉ခုနှစ်မှာ
Canadian Counter Strike Team အနေနဲ့
စတင်ဖွဲ့စည်းခဲ့ပါတယ်။ဖွဲ့စည်းပီးနောက်မှာ Quake, Dota 2, League of
Legends, StarCraft II, World of Warcraft, Call of Duty and Halo အစရှိတဲ့
Fighting Game တွေကို ၀င်ရောက်ခဲ့ပါတယ်။ EG အသင်းဟာ Goodgame Agency ရဲ့
လက်အောက်ခံ ဖြစ်ပါတယ်။ Goodgame Agency ကိုတော့ Amazon.inc က
ပိုင်ဆိုင်ပါတယ်။ ဥရောပပြိုင်ဘက်အသင်းဖြစ်တဲ့ Alliance ကိုလည်း Goodgame
Agencyက
ပိုင်ဆိုင်ပါတယ်။ EG ရဲ့ တခြားGame တွေမပါပဲ Dota 2 မှာတင်
ရရှိထားတဲ့ ဆုကြေးဟာဆိုရင် အမေရီဒေါ်လာ ၁၀သန်းကျော်ရှိပီဖြစ်ပါတယ်။
$10,855,696.37 စုစုပေါင်းDota 2 ဆုကြေးရဲ့ 87.33% ကို ပိုင်ဆိုင်ထားပါတယ်။
EG အသင်းဟာ 2008 April 12မှာ eMg အသင်းက ကစားသမားတွေနဲ့ Dota ကို
စတင်ဝင်ရောက်ခဲ့ပါတယ်။ 2009 April 25 မှာတော့ Starcraft:Blood War ကို
ဝင်ရောက်ခဲ့ပါတယ်။ 2009 December 3မှာတော့ လေ့ကျင့်မှုတွေဟာ
၂လဆက်တိုက်အားနည်းခဲ့ပီး အသင်းပျက်သွားပါတယ်။ 2010 Starcraft
2ထွက်လာတဲ့အချိန်မှာ ပွဲကြေငြာတဲ့နေရမှာရော လူသိများတဲ့ American
ထိပ်တန်းကစားသမား Gregory "IdrA" Fieldsပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ Nick
"Tasteless" Plott က September 9 မှာ ၀င်ရောက်လာခဲ့ပါတယ်။ အငြင်းပွားဖွယ်
အပြောင်းအရွေ့နဲ့
သူတို့ မြောက်အမေရိက Gaming Organization ဖြစ်တဲ့
Loaded ရဲ့ အမှတ်တံဆိပ်ကို 2010 October 9 မှာ ရရှိခဲ့ပါတယ်။ ဒါပေမဲ့
သဘောတူညီမှုအနေနဲ့ Company Sponsers, အသင်းပိုင်ရှင်နဲ့ Heros of Newerth
လူစာရင်းပဲ ပါဝင်ခဲ့ပါတယ်။ 2010 မှာပဲ Fighting Game တွေကို Justin Wong
နဲ့ Martin "Marn" Phan နဲ့ ၀င်ရောက်ခဲ့ပါတယ်။ တစ်နှစ်အတွင်းမှာပဲ Ricki
Ortiz, Ari "fLoE" Weintraub, နဲ့ Eduardo "PR Balrog" Perez-Frangie တို့
ပါဝင်လာခဲ့ပါတယ်။ ဒါ့အပြင် ဂျပန်က Yusuke Momochi, and Yuka "Chocoblanka"
Kusachiတို့ကလည်း ၀င်ရောက်လာခဲ့ပါတယ်။ Marn က သူရဲ့ ကိုယ်ပိုင် League of
Legends အသင်း Team MRN ကို တည်ထောင်ဖို့ရည်ရွယ်ချက်နဲ့ ၂၀၁၁မှာ အသင်းက
ထွက်ခွာခဲ့ပါတယ်။ 2011 March 31 မှာ် အသင်းဝင်ဟောင်း Manuel "Grubby"
Schenkhuizen နဲ့ Starcraft 2 Manager Nick "Tasteless" Plott ဟာ အသင်းက
ထွက်ခွာခဲ့ပါတယ်။ စပွန်ဆာ အရှုပ်အထွေးတွေကြောင့် July 8 မှာ Heroes of
Newerth လူစာရင်းပျက်သွားခဲ့ပါတယ်။ လကုန်ခါနီးမှာပဲ မြောက်အမေရိက
Starleague Champion ဖြစ်တဲ့ ကိုးရီးယားလူမျိုး Ho Joon "PuMa" Lee က
ဝင်ရောက်လာခဲ့ပါတယ်။ ၃ပတ်ကြာပီးနောက် ထိပ်တန်း Canadian ကစားသမား Chris
"HuK" Loranger က သူရဲ့ အသင်းဟောင်း Team Liquid က ထွက်ပီး EG ကို
ပြောင်းလာခဲ့ပါတယ်။ Dota 2 လူစာရင်း ပထမဆုံး ရရှိပီးတဲ့နောက်မှာ Clinton
"Fear" Loomis and Jimmy "DeMoN" Ho ဟာ အသင်းကို
ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ 2012 Jan 7မှာ EG မှာ ရပ်တည်လာတာ ကြာပီဖြစ်တဲ့
Counter Strike အသင်းကို ထုတ်ပယ်ခဲ့ပါတယ်။ 2012 September မှာ Bulba and
xHobbzeEx ဟာ ကိုယ်ရေးကိုယ်တာကြောင့် အသင်းမှ ထွက်ခဲ့ပါတယ်။ Jio "Jeyo"
Madayag and Robert "bdiz" Tinnes က လူစားထိုးဝင်ရောက်လာပါတယ်။ 2012
December 5 မှာ အောင်မြင်နေတဲ့ StarCraft: Brood War Zerg player Lee
Jae-Dongကို ခေါ်ယူခဲ့ပါတယ်။ 2013 Jan 25 မှာ Lague of Legends ကို Counter
Logic Gaming European division နဲ့ ချဲ့ခဲ့ပါတယ်။ ဒါပေမဲ့လည်း
စိတ်ပျက်စရာ ရလဒ်တွေကြောင့် နောက်ပိုင်းမှာ အသင်းပျက်သွားခဲ့ပါတယ်။ 2014
October 27မှာ Call of Duty ကစားသမားတွေဖြစ်တဲ့ Patrick "Aches" Price,
Ian "Crimsix" Porter, and Ken Dedo က အသင်းက ထွက်ခွာပီး Optic Gaming ကို
ပြောင်းသွားပီလို့ ကြေညာခဲ့ပါတယ်။ EG ရဲ့ CEO Alex Garfield ကိုယ်တိုင်က
ထွက်ခွင့်ပေးခဲ့တယ်လို့ Reddit မှာ အတည်ပြုပြောကြားခဲ့ပါတယ်။ 2014 November
21 မှာ အမြွာညီအနောင် ason "Lunchbox" Brown and Justin "Roy" Brown ရယ်
ကမ္ဘာ့အကောင်းဆုံး slayers ကစားသမားအဖြစ်လက်ခံထားကြတဲ့ Justin
"iGotUrPistola" Deese and the Eric "Snip3down" Wrona ပါဝင်တဲ့ သူတို့ရဲ့
ပထမဆုံး Halo လူစာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ အသင်းဟာ the Halo Championship
Series Season 1 မှာ ယှဉ်ပြိုင်ခဲ့ပါတယ်။ Online ဖလား
၃လုံးအနိုင်ရရှိခဲ့ပါတယ်။ December 21 မှာ ထိခိုက်ဒဏ်ရာကြောင့်
iGotUrPistola အသင်းကထွက်ခဲ့ပါတယ်။ သူ့နေရာမှာ BTH အသင်းက Tony "LxthuL"
Campbell က ၀င်ရောက်ခဲ့ပါတယ်။ 2014 December 16မှာ Yusuke Momochi ဟာ 2014
Capcom Tournment Cup ကို ရရှိခဲ့ပါတယ်။ Momochi ဟာ Singapore South East
Asia Major 2014 ကနေ ခြေစစ်ပွဲအောင်လာတာပဲ ဖြစ်ပါတယ်။ Capcom Cup 2015 ကို
အလိုအလျောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။ 2015 July 19မှာ Yusuke Momochi ဟာ
Evolution 2015 ကို အနိုင်ရရှိခဲ့ပါတယ်။
2014 December မှာ Team C9 က Kurtis "Aui_2000" Lingကို ရရှိခဲ့ပါတယ်။
2015 August 8 မှာ EG ဟာ CDEC Gaming ကို အနိုင်ရပီး The International
2015 ကို ရရှိခဲ့ပါတယ်။ အမေရီကမှာ TI ကို အနိုင်ရရှိတဲ့ ပထမဆုံးအသင်း
ဖြစ်လာပါတယ်။ ဒါ့အပြင် ESports လောကမှာ ပထမဆုံး အများဆုံးစံချိန်တင်
$6,616,014ကို ရရှိခဲ့တဲ့ ပထမဆုံး အသင်း ဖြစ်လာပါတယ်။ August 14မှာတော့
Aui_2000 ဟာ အသင်းမှ ထုတ်ပယ်ခံခဲ့ရပါတယ်။ သူ့နေရာမှာ Artour "Arteezy"
Babaev ကို အစားထိုးခဲ့ပါတယ်။ EG ဟာ the Frankfurt Major 2015 and the
Shanghai Major 2016 ပြိုင်ပွဲ ၂ပွဲလုံးမှာ တတိယ ရရှိခဲ့ပါတယ်။ March 22
မှာတော့ Arteezy and UNiVeRsEဟာ Team Secret ကို ပြောင်းခဲ့ပါတယ်။ March
24မှာ Aui_2000 and Bulba သူတို့ရဲ့နေရာကို ၀င်ဖို့
ပြန်လည်ရောက်ရှိလာပါတယ်။
EG အသင်းဟာ ယခုလက်ရှိ ဆုကြေးငွေအများဆုံးရရှိထားတဲ့ အသင်းတစ်သင်း အဖြစ် ရပ်တည်လျက် ရှိပါတယ်။
Call of Duty $38,000.00 0.31%
Counter-Strike $145,686.74 1.17%
Dota 2 $10,855,696.37 87.33%
Duel FPS $50,962.13 0.41%
Fighting Games $203,810.37 1.64%
Halo $202,375.00 1.63%
League of Legends $31,100.00 0.25%
StarCraft / WarCraft III $851,106.11 6.85%
World of WarCraft $52,200.00 0.42%
အသီးသီးရရှိထားပါတယ်။
ယခုManila Major မှာတော့ EG အသင်းဟာ ရလဒ်ကောင်းကို မရရှိခဲ့ပါဘူး။
မကြာမီကျင်းပတော့မယ့် The International 2016 မှာတော့ ဘယ်လိုမျိုး
ပွဲထွက်မလဲဆိုတာတော့ မှန်းကြည့်ဖို့အင်မတန်ခက်ခဲပါတယ်။ မနှစ်ကလို Amazing
Moment တွေ ဖန်တီးမလားဆိုတာတော့ စောင့်ကြည့်ရမယ်ဗျ။ Sumail ရဲ့ Signature
hero Storm Spirit ကို Update Changelogမှာ ပြန် Improve လုပ်ထားတာကလည်း
စဉ်းစားစရာတစ်ခုဖြစ်လာပါတယ်။ ဒါ့အပြင် Kunkka Splash ကို Dmg
တိုးထားခြင်းကလည်း TI 6 Draft အတွက် ဖြစ်လာနိုင်ပါတယ်။Shadow Fiend ကို
Movement Speed နဲ့ Soul အရေအတွက်တိုးလာခြင်းကလည်း Draft အတွက်
ဖြစ်လာနိုင်ပါတယ်။ မှန်းဆရခက်တဲ့ TI6မှာ ဘယ်လိုအကွက်ဆန်းတွေ
ဖန်တီးကြမလဲဆိုတာတော့ ဘယ်သူမှသိနိုင်မှာ မဟုတ်ပါဘူး။ အတွေ့အကြုံရင့်ကြတ်ပီး
ဝါရင့်ကစားသမား Fear လည်း ပါဝင်နေတာကြောင့် TI 6 ရဲ့ ဆုဖလားကို မနှစ်ကလို
မမျှော်လင့်ဘဲ သိမ်းပိုက်မလားဆိုတာတော့
...........................................??????
Credits - YDNB
*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*
Update Newsတွေ, Changelog တွေ, Article တွေ မသိလိုက်မှာစိုးတဲ့အတွက် YDNB
page ကို See First လုပ်ထားပေးနိုင်ပါတယ်။ နောင်တစ်ချိန်မှာ
မိမိလိုချင်သော အကြောင်းအရာပဲ ဖြစ်ဖြစ် ပစ္စည်းပဲဖြစ်ဖြစ် မိမိ Wall ပေါ်မှာ
Share ထားခြင်းအားဖြင့် လွယ်ကူစွာ ပြန်ရှာနိုင်ပါတယ်ခင်မျာ။
Games တွေ Gaming Accessories, Steam Wallet တွေအားလုံးကို YDNB Shop မှာ ရရှိနိုင်ပါတယ်ခင်မျာ။
*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*



