---ပြိုင်ပွဲကြီးတွေမှာ ဘယ်သူမှမလုပ်ရဲတဲ့ စွန့်စားမှုတွေနဲ့ ပရိတ်သတ်ကို အနုပညာဆန်ဆန် ရသအပြည့်ပေးနိုင်သူ ---
စာသားကိုဖတ်ပီးစဉ်းစားလိုက်တာနဲ့ ဘယ်အချိန်ပဲ စဉ်းစားစဉ်းစား Dendi ကို
မြင်ယောင်မယ်ဆိုတာ သေချာပါတယ်။ အနုပညာဆန်ဆန် ဖန်တီးမှုတွေရယ်
အန္တရာယ်အရမ်းများတဲ့
ဖန်တီးမှုတွေနဲ့ ပရိတ်သတ်တွေရဲ့ စိတ်ကို
ဖမ်းစားနိုင်ခဲ့တဲ့သူတစ်ယောက်ပါ။ Dendi Fan မဟုတ်တဲ့သူတွေတောင် Dendi
ကစားခဲ့တဲ့ပွဲတွေကို ကြည့်ပီး Dendi ရဲ့ Fan တစ်ယောက် ဖြစ်သွားမယ်ဆိုတာ
သေချာပါတယ်။ Dota လောကမှာ ဟုန်းဟုန်းတောက် နာမည်ကျော်တဲ့ EHOME
လိုအသင်းမျိုးကိုတောင် ဟာကနဲ ဟင်ကနဲ ဖြစ်အောင် လုပ်နိုင်တဲ့သူဖြစ်ပါတယ်။
ပရိတ်သတ်ရဲ့ အားပေးမှုကို တစ်ခဲနက် ရရှိခဲ့တဲ့ အချိန်ကတော့ Dendi ရဲ့ Pudge
ပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲကြီးတွေမှာ အရဲစွန့်ရဲတဲ့သူပဲ ဖြစ်ပါတယ်။ Free to
Play မှာ Dendi ရဲ့ Puck ကို ဘယ်သူမှမေ့လို့ရမှာ မဟုတ်ပါဘူး။ ဒါ့အပြင်
PUdge ကို အသုံးပြုပီး EHOME လိုအသင်းမျိုးကို အံ့အားသင့်အောင်
ပြနိုင်သူဖြစ်ပါတယ်။ Pudge လိုမျိုးHero ကို အရေးကြီးတဲ့ ပြိုင်ပွဲတွေမှာ
မကိုင်ရဲကြပါဘူး။ အဲတာကို Dendi က Pub ဆန်ဆန် ကစားပြခဲ့ပါတယ်။
စွန့်စားနိုင်တဲ့စိတ်ဓာတ် ယုံကြည်မှုအပြည့်ရှိတဲ့စိတ်ဓာတ်
အနုပညာဆန်ဆန်ကစားကွက်တွေနဲ့ ပရိတ်သတ်တွေကို ယနေ့ထိ လွှမ်းမိုးထားနိုင်ဆဲပဲ
ဖြစ်ပါတယ်။ ဒါ့အပြင် The International လို အရေးကြီးတဲ့ ပြိုင်ပွဲမှာ
ရန်သူကို သွေးကန်ထဲခေါ်တဲ့ အကွက်ကို ပြခဲ့တဲ့သူဖြစ်ပါတယ်။ အဲအကွက်ဆိုတာ
တကယ့်ကို Risk အရမ်းများပါတယ်။ တစ်ခုခုလွဲချော်သွားရင် မတွေးရဲစရာပါ။
အဲတာကို လုပ်ပြခဲ့တဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ ပုံမှန်မဟုတ်တဲ့
အကွက်ဆန်းတွေကြောင့် အအောင်မြင်ဆုံးကစားသမားတွေထဲက တစ်ယောက် ဖြစ်ခဲ့ရပါတယ်။
Dendi Pudge skill ကြည့်ရန်။
https://www.youtube.com/watch?v=J5I-5eo_vDM
Dendi ရဲ့အမည်ရင်းက Danil Ishutin ဖြစ်ပါတယ်။ Lviv မြို့ Ukraine မှာ
ဖွားမြင်ခဲ့ပါတယ်။ ငယ်ငယ်ကတည်းက game ကိုဝါသနာကြီးသူ ဖြစ်ပါတယ်။ အိမ်မှာ
သူ့အစ်ကိုရဲ့ ကွန်ပျူတာနဲ့ Game တွေကစားခဲ့ရပါတယ်။ Dendi တို့မိသားစုဟာ
ပိုက်ဆံချမ်းသာတဲ့ မိသားစု မဟုတ်ပါဘူး။ Dendi ရဲ့ငယ်ဘ၀ဟာ ခက်ခဲပါတယ်။
ငယ်စဉ်ကတည်းက ဖခင်ဆုံးပါးသွားတဲ့ဝမ်းနည်းစိတ်နဲ့ ရပ်တည်ခဲ့ရပါတယ်။ Game
ကစားတဲ့ အချိန်မှာ အဲဒါတွေပျောက်သွားတာမို့ Game ကိုပဲ ကစားဖြစ်ခဲ့ပါတယ်။
သူ့အိမ်က ကွန်ပျူတာပလပ်ကြိုးကို ဖွက်ထားလည်း မရရအောင်ရှာပီး ကစားခဲ့ပါတယ်။
သူဟာ ကျောင်းပွဲတွေမှာလည်း အကထူးချွန်ပါတယ် ။ Free to play Movie မှာ Dendi
ဘ၀ကို သရုပ်ဖော်ထားပါတယ်။ သူ့အစ်ကို အိမ်ထောင်ကျပီး အိမ်ပြောင်းတဲ့အခါမှာ
သူ့အစ်ကိုက ကွန်ပျူတာယူသွားပါတယ်။ သူဟာ Net game ဆိုင်မှာ
သွားကစားခဲ့ပါတယ်။ဒီလိုနဲ့ competitive gaming တွေကို စတင်
ကစားဖြစ်ခဲ့ပါတယ်။ သူဟာ ပထမဆုံး counter strike ကို စတင်ကစားခဲ့ပါတယ်။
မကြာမီမှာပဲ Warcraft ကို တွေ့ရှိခဲ့ပီး Local Tournament တွေမှာ
ယှဉ်ပြိုင်ခဲ့ပါတယ်။ ပြိုင်ပွဲတွေကို နှစ်သက်ခဲ့ပီး
အကောင်းဆုံးဖြစ်ချင်စိတ် ပြင်းပြခဲ့ပါတယ်။ Warcraft 3 မှာ
အတော်အတန်အောင်မြင်ပီး သူတို့မြို့ Local Tournament တွေမှာ
အနိုင်ရရှိပေမယ့်လည်း Dota ကို ကစားမိတဲ့အခါ Dota ကို စွဲလမ်းသွားပါတယ်။
လအတော်အတန် လေံ့ကျင့် ကစားခဲ့ပါတယ်။ သူဟာ အပြင်းအထန် လေ့ကျင့်ပီး IHCS1
League အတွက် သေချာခဲ့ပါတယ်။ Lviv က ပြိုင်ပွဲတွေအတွက်
သူ့ရဲ့ကိုယ်ပိုင်အသင်းကို စတင်ဖွဲ့ခဲ့ပါတယ်။ Kiev မှာသူ့ရဲ့အသင်းကို
Champion ဖြစ်အောင် ဦးဆောင်နိုင်ခဲ့ပါတယ်။ အဲနောက်မှာ Wolker.Gaming က
ခေါ်ယူခဲ့ပါတယ်။ အဲသက်၁၇မှာ သူ့ရဲ့ အသက်မွေးဝမ်းကြောင်းကို စတင်ခဲ့ပါတယ်။
2006မှာ WG မှာ Pro အဖြစ်ကစားခဲ့ပါတယ်။ တစ်နှစ်တည်းမှာ MYM Prime Nations
မှာ တတိယရယူနိုင်တဲ့အဖွဲ့ထဲက တစ်ယောက်ဖြစ်ခဲ့ပါတယ်။ လအနည်းငယ်ကြာပီးနောက်
အဲဒီအချိန်က အကြီးဆုံးပြိုင်ပွဲတွေထဲကပြိုင်ပွဲတစ်ခုဖြစ်တဲ့ MYM Prime
Defending မှာ Grand FInal ထိရောက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
Kingsurf.international အသင်းဟာ နောက်နှစ်မှာ WG နဲ့ပေါင်းသွားတဲ့အခါ
Ks.int.ရဲ့ အမြဲတမ်းအဖွဲ့ဝင် ဖြစ်လာပါတယ်။ 2008 နောက်ပိုင်း DTS ကို Join
ခဲ့ပါတယ်။ 2009 March မှာ Ks.int အသင်းကို ပြန်ရောက်လာပါတယ်။ 3လကြာပီးနောက်
DTS ကို ပြန်ရောက်သွားပါတယ်။ ESWC 2010 ပြိုင်ပွဲမှာ DTS အသင်းကနေ
ဒုတိယရအောင် ကူညီပံ့ပိုးခဲ့ပါတယ်။ နှစ်ကုန်ပီးနောက် အဲဒီအချိန်က
အကြီးဆုံးပြိုင်ပွဲဖြစ်တဲ့ WDC 2010 မှာ တတိယရအောင်
စွမ်းဆာင်ခဲ့ပါတယ်။အဲဒါက သူ့ Dota Career ရဲ့ အကြီးမားဆုံးအောင်မြင်မှုပဲ
ဖြစ်ပါတယ်။ Dota 2 ထွက်လာတဲ့နောက်ပိုင်းမှာ Dota 2 ကို ပြောင်းခဲ့ပါတယ်။
Dota 2 မှာ ယူကရိန်းအသင်း Navi အသင်းမှာ သူရဲ့ အသက်မွေးဝမ်းကြောင်းကို
စတင်ခဲ့ပါတယ်။ သူဟာ ပထမဆုံး ကျင်းပတဲ့ The International ကို
ပထမဆုံးအနိုင်ရရှိခဲ့တဲ့သူ ဖြစ်လာပါတယ်။
အဲ့နောက်မှာ သူရဲ့ Twitterမှာ
Fan တွေ အရမ်းများလာခဲ့ပါတယ်။ အဲဒါပီးနောက် 2011 နဲ့ 2012
ပြိုင်ပွဲတော်တော်များများမှာ အနိုင်ရရှိခဲ့ပါတယ်။ The International 2
မှာလည်း ဒုတိယရယူနိုင်ခဲ့ပါတယ်။ The International 3 မှာ Navi အသင်းဟာ
၃နှစ်ဆက်တိုက် Grand Finals ကို တက်ရောက်နိုင်တဲ့ အသင်း ဖြစ်လာခဲ့ပါတယ်။
အဲဒီမှာ Alliance အသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။ The International 4 မှာ
အဆင့်8 နဲ့ အဆုံးသတ်ခဲ့ပါတယ်။အဲဒါက Dendi အတွက် ပထမဆုံးအကြိမ် Grand Final
ကို မတက်ရောက်နိုင်တာ ဖြစ်လာပါတယ်။ Dendi ဟာ2014 Documentary FIlm ဖြစ်တဲ့
Free to Play အာရုံစိုက်ခံရတဲ့ ကစားသမား၃ဦးထဲက တစ်ဦး ဖြစ်ပါတယ်။
သူရဲ့ကစားပုံတွေဟာ Youtube မှာ အရမ်းအောင်မြင်ခဲ့ပါတယ်။ အဲနောက်မှာ The
International 2015 မှာ စိတ်ပျက်စရာရလဒ်တွေကြုံတွေ့ခဲ့ရပါတယ်။ Dendi ဟာ
Navi အသင်းမှာ ကစားခဲ့တာဆိုရင် ၅နှစ်ကျော်ခဲ့ ပီဖြစ်ပါတယ်။ သူဟာ ကမ္ဘာ
Esport player တွေထဲမှာ 26 ယောက် မြောက် ၀င်ငွေအများဆုံး
ကစားသမားဖြစ်ပါတယ်။ သူရဲ့ စုစုပေါင်း ၀င်ငွေဟာ $671,209.98 အထိရှိပီ
ဖြစ်ပါတယ်။
အခုလက်ရှိအချိန်မှာ Navi အသင်းဟာ Draftingကြောင့်
ရှုံးနိမ့်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ မည်သို့ပင်ရှုံးသည်
ဖြစ်ပါစေ Dendi ကတော့ အသင်းကို စွန့်ခွာသွားမှာ မဟုတ်ပါဘူး။ လာမယ့် TI 6
မှာ Navi အသင်းဟာ အရင် Teamwork ကို ပြန်ရမလားဆိုတကတော့ သူတို့ရဲ့Drafting
ပေါ်မှာ မူတည်နေပါတယ်။Dendi ရဲ့အနုပညာဆန်ဆန် ဖန်တီးမှုတွေအတွက် Navi ရဲ့
ခက်ခဲနေတဲ့ အချိန်မှာ လူဟောင်းကြီး Dendi အတွက် မြန်မာနိုင်ငံမှ Gamer တွေ
LIke +1 ဖြင့် ဆုတောင်းအားပေးကြရအောင်လားဗျာ။
Credit - YDNB
===================================================
Update Newsတွေ, Changelog တွေ, Article တွေ မသိလိုက်မှာစိုးတဲ့အတွက်
YDNB page ကို See First လုပ်ထားပေးနိုင်ပါတယ်။ နောင်တစ်ချိန်မှာ
မိမိလိုချင်သော အကြောင်းအရာပဲ ဖြစ်ဖြစ် ပစ္စည်းပဲဖြစ်ဖြစ် မိမိ Wall ပေါ်မှာ
Share ထားခြင်းအားဖြင့် လွယ်ကူစွာ ပြန်ရှာနိုင်ပါတယ်ခင်မျာ။
Games တွေ Gaming Accessories, Steam Wallet တွေအားလုံးကို YDNB Shop မှာ ရရှိနိုင်ပါတယ်ခင်မျာ။
*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*




