Sunday, April 24, 2016
Natus Vincere (NAVI)
Counter Strike မှာ မန်ယူအသင်းကဲ့သို့ သမိုင်းမှာ တစ်နှစ်တည်းနဲ့ ဖလားသုံးလုံး ရယူနိုင်ခဲ့တဲ့အပြင် Dota 2 သမိုင်းမှာ ပထမဆုံး ဆုကြေး $1,000,000 ကိုလည်း ပိုင်ဆိုင်ခဲ့တဲ့Team Navi ခေါ် Natus Vincere
==================================================
Dota2 Sports team တွေထဲမှာ တစ်ခါ ကြည့်လိုက်ရင်ဖြင့် ဘယ်တော့မှ မမေ့နိုင်လောက်တဲ့
အရည်အသွေးကောဂျာစီကောလိုဂိုဒီဇိုင်းကို ပိုင်ဆိုင်တဲ့ အသင်းလည်း ဖြစ်ပါတယ်။ အ၀ါရောင်မြင်လျှင် ဒါNaviပဲ ဟုပင် တပ်အက်
ပြောနိုင်ပါတယ်။ Navi အသင်းဟာ ယူကရိန်း အခြေစိုက် Esports အဖွဲ့အ
စည်းပဲ ဖြစ်ပါတယ်။ Counter Strike: Global Offensive, Dota 2, FIFA, World of Tanks, Heroes of the Storm, နဲ့League of Legends အစရှိတဲ့
Game အမျိုးအစားများမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ အသင်းလည်း ဖြစ်ပါတယ်။
သူတို့ရဲ့ Counter Strike အသင်းဟာဆိုရင် အဓိက ပြိုင်ပွဲ(၃)ခုကို သမိုင်းမှာ
ပထမဆုံးအနိုင်ရရှိခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ ဒါ့အပြင် Dota 2 အသင်းဟာလည်း 2011 The International Dota 2 Championship ကို
အောင်နိုင်ခဲ့တဲ့ အသင်းလည်းဖြစ်ပါတယ်။ "Natus Vincere"ရဲ့ အနက် ကတော့ " အောင်မြင်ဖို့ မွေးဖွားခြင်း" ဟု အနက်ရပါတယ်။ အမည်ကို လက်တင်ဘာသာစကားဖြင့် ပေးထားခြင်းဖြစ်ပါတယ်။
===========================================================
ကမ္ဘာ့အကောင်းဆုံး Counter-Strike players များကို ပိုင်ဆိုင်တဲ့ Team Navi
အကောင်းဆုံး Counter-Strike player စာရင်းကို လူသိများwebsite တစ်ခု
ဖြစ်တဲ့ HLTV.org က ၂၀၁၀မှာ ထုတ်ပြန်ခဲ့ပါတယ်။ Yegor "markeloff" Markelov ဟာဆိုရင် ကမ္ဘာ့အဆင့် ၁ ကစားသမားဖြစ်ခဲ့ပါတယ်။ ဒါ့အပြင်
Sergey "Starix" Ischuk ကအဆင့်၎၊ Ivan "Edward" Sukharev ကနံ
ပါတ် ၅၊ အသင်းခေါင်းဆောင်ဖြစ်တဲ့ Na'Vi "Zeus" က အဆင့် ၁၉ အသီးသီး
ဖြစ်ခဲ့ပါတယ်။ Navi "Zeus"ဟာဆိုရင် တစ်နှစ်တာ အကောင်းဆုံး အသင်း
ခေါင်းဆောင်ဆုကို ရရှိခဲ့တဲ့သူလည်း ဖြစ်ပါတယ်။
==================================================
Dota and Dota 2
History
၂၀၁၀အောက်တိုဘာမှာ Defence of the Ancients(Dota)မှာယှဉ်ပြိုင်မယ့် ယူကရိန်း အကောင်းဆုံးကစားသမားတွေ ပါဝင်တဲ့ လူစာရင်း ထုတ်ပြန်ခဲ့ပါတယ်။ Oleksandr "XBOCT" Dashkevych၊ Artur "Goblak" Kostenko၊ Bogdan "Axypa" Boychuk၊ Oleksandr "Deff" Stepaniuc နဲ့Andriy "Mag~" Chipenko တို့ဖြင့် စတင် ဖွဲ့စည်းခဲ့ပါ
တယ်။ ၂၀၁၀ ဒီဇင်ဘာမှာတော့ Mag နဲ့Deffက အသင်းက ထွက်ခဲ့ပါတယ်။ ယူကရိန်း
ကစားသမားတွေ ဖြစ်ကြတဲ့ DTS.Chatrix မှ Danil "Dendi" Ishutin၊Davis Brianne "Tacxz" Tacorda နဲ့ အသင်းခေါင်းဆောင်ဖြစ်လာခဲ့တဲ့ Ivan "Artstyle" Antonov တို့ဖြင့်
အသင်းရဲ့နေရာလပ်တွေကို ဖြည့်ခဲ့ပါတယ်။Goblak နဲ့ Axypa တို့နေရာမှာ Clement "Puppey" Ivanov နဲ့ Dmitriy "LighTofHeaveN" Kupriyanovတို့ဖြင့် အစားထိုးခဲ့ပါ
တယ်။ ၂၀၁၁ သြဂုတ်မှာ GamesCom, Cologne, Germany မှာ ကျင်းပမယ့် ပထမဆုံး
သော Dota2 ပြိုင်ပွဲဟာ Na'Vi အသင်းကို ဖိတ်ကြားခဲ့ပါတယ်။ တစ်ကမ္ဘာလုံးမှထိပ်သီးအ
သင်း ၁၆သင်းပါဝင်တဲ့ "The International"လို့အမည်ပေးထားတဲ့ပြိုင်ပွဲကို အရမ်းများတဲ့ ဆုကြေးငွေ $1,600,000 ဖြင့် ဖောပြခဲ့ပါတယ်။ နောက်ဆုံး Final မှာ Na'vi အသင်းဟာ
တရုတ်အသင်း EHOME ကို ၃ပွဲ ၁ပွဲဖြင့် အနိုင်ရကာ ပထမရခဲ့ပါတယ်။
အနိုင်ရပီးမကြာခင် ၂၀၁၁အောက်တိုဘာ၁၃ရက်မှာ Artstyle ဟာ အသင်းက ထွက်ခဲ့ပါ
တယ်။ အသင်းခေါင်းဆောင်နေရာကို Puppey၊ ရုရှားအသင်း Moscow Five မှာ ကစားနေတဲ့ Sergey "ARS-ART" Revinကို ခေါ်ယူခဲ့ပါတယ်။
၂၀၁၂ ဟာ Na'Vi အတွက် CIS region အတွက် ကျင်းပတဲ့Star Ladder's Star Series, the premier tournament လေးရာသီ ပြိုင်ပွဲအများအပြားကို ဆက်တိုကိ အနိုင်ရတဲ့ အရမ်းအောင်မြင်ခဲ့ပါတယ်။ The International 2012 မှာ Na'Vi ဟာ သူတို့ရဲ့ ဆုဖလားကို ကာကွယ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ Grand Finals မှာ အပြင်းထန်ဆုံး ယှဉ်ပြိုင်ပေမယ့် တရုတ်အသင်းဖြစ်တဲ့ Invictus Gaming ကို 1-3 ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။
၂၀၁၃ ဖေဖော်ဝါရီလအကုန်မှာ ARS-ART နေရာမှာ Team Empireက Gleb "Funn1k" Lipatnikovဖြင့် အစားထိုးခဲ့ပါတယ်။ Mousesports အသင်းက Kuro "KuroKy" Salehi Takhasomiကလည်း LighTofHeaveN မကစားတော့တဲ့အချိန်မှာ ၀င်ရောက်ကစားခဲ့ပါ
တယ်။ စာချုပ်သက်တမ်းကုန်ပီး၂၀၁၃ ဧပြီမှာLighTofHeaveN ဟာ Team Empire ကို
တရားဝင် ပြောင်းရွှေ့ခဲ့ပါတယ်။ ၂၀၁၃ ဇွန်မှာ Na'Viက အမျိုးသမီးလူစာရင်း ထုတ်ပြန်ခဲ့ပါ
တယ်။
၂၀၁၃ပထမလ၀က်ဟာ Na'Vi အတွက်ခက်ခဲတဲ့ အချိန် ဖြစ်ခဲ့ပါတယ်။ လူစာရင်းအသစ်နဲ့
Na'Viဟာ အဓိက ပြိုင်ပွဲတွေရဲ့ အောက်ခြေနေရာ ရဖို့ကို ရုန်းကန်ခဲ့ရပါ
တယ်။ ဧပြီမှာကျင်းပတဲ့ ESL Major Series One ပထမရာသီမှာ RoX.KISကို စတင်အနိုင်ရခဲ့ပါတယ်။ ဇူလိုင် Alienware Cupမှာ အာရှအကောင်းဆုံး အသင်း၉သင်းနဲ့
ယှဉ်ပြိုင်ခဲ့ရပါတယ်။ Grand Finals မှာ LGDကို 3-2 ဖြင့် အနိုင်ရပီး တရုတ်ပြိုင်ပွဲတွေမှာ
နိုင်တဲ့ အနောက်ဥရောပ အသင်းအချို့ထဲက တစ်သင်း ဖြစ်လာခဲ့ပါတယ်။
၂၀၁၃ သြဂုတ်မှာ Na'Vi ဟာ The International 2013 Grand Finals ကို တစ်ဖန်ထပ်မံ
ရောက်ရှိခဲ့ပေမယ့် ငါးပွဲမြောက်မှာ ဆွီဒင်အသင်းဖြစ်တဲ့Alliance ကို ၂-၃ နဲ့ သီသီလေး
ရှုံးနိမ့်ခဲ့ရပါတယ်။
၂၀၁၄ဇူလိုင်မှာ Na'Vi ဟာ Cloud9 ကို The International LB မှာ ရှုံးနိမ့်ပီးထွက်ခဲ့ရပါ
တယ်။Cloud 9 အသင်းကတော့ အဆင့်၇၊၈ $519,208 ရရှိခဲ့ပါတယ်။ ဒါဟာ Na'Vi
အတွက် Grand Finals နဲ့လွဲချော်ခဲ့တဲ့ ပထမဆုံးအကြိမ် ဖြစ်ခဲ့ပါတယ်။ Fans တော်တော်
များများက ဒါဟာ ခေတ်တစ်ခေတ်ရဲ့ကုန်ဆုံးခြင်းလို့ သတ်မှတ်ခဲ့ကြပါတယ်။အဲဒါပီး မကြာ
ခင်မှာပဲ Kuro "KuroKy" Salehi Takhasomi နဲ့ Clement "Puppey" Ivanov ဟာ အသင်းက ထွက်ခဲ့ကြပါတယ်။
၂၀၁၅ ဖေဖော်ဝါရီ၁၃မှာ Gleb "Funn1k" Lipatnikov အသင်းက အနားယူခဲ့ပါတယ်။
၂၀၁၅ မတ်လ၄ရက်မှာ Funn1k နေရာမှာ DkPhobos ၀င်ရောက်လာပါတယ်။
၂၀၁၅ မတ်လ ၉ရက်မှာ DkPhobos ဟာလည်း Na'Vi ကထွက်ခွာပီး ASUS.Polarကို
ပြန်သွားခဲ့ပါတယ်။
၂၀၁၅ မတ်၂၅မှာ Goblakဟာ အသင်းက ထွက်ခွာခဲ့ပါတယ်။ သူ့နေရာမှာ SoNNeikO
ဝင်ရောက်ခဲ့ပါတယ်။
၂၀၁၅ ဧပီ ၅ရက်မှာ Na'Vi ဟာ Funn1k ပြန်ရောက်လာပီလို့ ကြေညာခဲ့ပါတယ်။ Artstyle နေရာမှာ VANSKOR ၀င်ရောက်လာပါတယ်။
၂၀၁၅ သြဂုတ်၂၇မှာ Na'Viက The International 2015 စိတ်ပျက်စရာအဆုံးသတ်တွေရဲ့
နောက်မှာ အသင်းခေါင်းဆောင Ivan "Artstyle" Antonov ထွက်ခွာသွားပီလို့ ကြေညာ
ခဲ့ပါတယ်။
၂၀၁၅စက်တင်ဘာ၂ရက်မှာ ArtStyle ပြန်ရောက်လာခဲ့တယ်။ တွဲဖက်အနေနဲ့
Yondonjamts "kuki" Nyamtseren နဲ့အားဖြည့်ခဲ့ပါတယ်။ ဒုတိယ တွဲဖက်အနေနဲ့ Ilnur "Kudes" Khafizov နဲ့ဖြည့်ခဲ့ပါတယ်။
၂၀၁၅အောက်တိုဘာ၁၆မှာ Na'Vi ဟာ လူစာရင်းဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။
၂၀၁၅အောက်တိုဘာ ၁၉မှာ Danil "Dendi" Ishutin and Akbar "SoNNeikO" Butaev
က ကျန်တဲ့သူ ၃ယောက်ကိုရွေးချယ်မယ်လို့ Websiteက တဆင့် ပြောကြားခဲ့ပါတယ်။
၂၀၁၆ ဖေဖော်ဝါရီ ၂၃မှာ ESM မှာ စိတ်ပျက်စရာ ခြေစစ်ပွဲ ရှုံးနိမ့်ပီး Dotapit tournament ကို လူစာရင်းအသစ်နဲ့ ရှေ့ဆက်ခဲ့ပါတယ်။
လက်ရှိလူစာရင်း
UkraineDanil "Dendi" Ishutin
RussiaAkbar "SoNNeikO" Butaev
RussiaDmitrii "Ditya-Ra" Minenkov
UkraineIvan "ArtStyle" Antonov
UkraineVictor "GeneRaL" Nigrini
2016 TI 6 မှာတော့ Navi အသင်းဟာ တစ်ဖန် အရင် Skillsတွေ
Teamwork တွေကိုပြန်လည်ပိုင်ဆိုင်လာမလားဆိုတာကို စောင့်မျှော်ရင်း....................................
===========================================================
WIKI မှ ကူးယူထားခြင်း ဖြစ်ပါတယ်။ အမှားအယွင်းများပါလျှင် သည်းခံပေးကြပါလို့။ grin emoticon
https://en.wikipedia.org/wiki/Natus_Vincere (from wiki)
(Original Page)







