Sunday, April 24, 2016

Fear (Dota 2 Player)




 E-sports လောကမှာ တတိယ၀င်ငွေအများဆုံးအဖြစ် ရပ်တည်နေတဲ့ Fear
လက်ရှိ Evil Geniuses အသင်းမှာ ကစားနေတဲ့ "Fear"လို့ လူသိများတဲ့ Clinton Loomis ဟာဆိုရင်
American Professional Dota 2 player ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် ဖေဖောဝါရီ ၁၉ ရက် မှာ ဖွားမြင်ခဲ့ပါတယ်။ သူဟာ လက်ရှိဝါရင့်ကစားသမားတွေထဲက တစ်ယောက် ဖြစ်တဲ့အပြင် Dotaမှာ ဆယ်စုနှစ်တစ်စုဖြတ်သန်းခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ Free to Play Documentary film မှာ Dendi, hyhy နဲ့အတူ ဖော်ပြခြင်းခံရသူ လည်း ဖြစ်ပါတယ်။ Evil Geniuses အသင်းနဲ့အတူ The international 2015ကို ဆွတ်ခူးထားသူလည်း ဖြစ်ပါတယ်။
==================================================
---သမိုင်းကြောင်း---
Fear ရဲ့ ပထမဆုံး Dota အသင်းက Plug Pullers inc., ဖြစ်ပါတယ်။ Complexity Gaming က ၂၀၀၆ျခုနှစ်မှာ ရွေးချယ်ခဲ့ပါတယ်။ ၂၀၀၇ခုနှစ် Complexity Dota အဖွဲ့ ပိတ်သိမ်းခံရပီးနောက် Fearဟာ Plug Pullers ကို ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ဒါပေမဲ့ Meet Your Makers အသင်းက ကမ်။လှမ်းခဲ့တဲ့အချိန်မှာ အသင်းမှ ထွက်ခဲ့ပါတယ်။ MYM မှာ တစ်နှစ်တိုင်တိုင် ကစားခဲ့ပီး အသင်း ဒေ၀ါလီမခံခင် ရက်သတ္တပတ်အလိုမှာ အသင်းက ထွက်ခွာခဲ့ပါတယ်။နောက် အသင်းက Evil Geniuses ပါ။ ၂၀၀၉ မတ်လမှ ၂၀၀၉ဒီဇင်ဘာလအထိ ကစားပီးနောက် အသင်းကွဲသွားပါတယ်။
အဲနောက်မှာ Fearဟာ star-studded Blight.int team မှာကစားပါတယ်။ အဲအသင်းဟာလည်း လစာကိစ္စနဲ့ စပွန်ဆာပြောင်းသွားခဲ့ပါတယ်။အဲအချက်
က Fear ရဲ့ ကစားတာကို ခေတ္တ ရပ်ဆိုင်းစေခဲ့ပါတယ်။
==================================================
၂၀၁၁
Fear ရဲ့ အသင်းOnline Kingdom.Nirvana.int ဟာဆိုရင် The International 2011မှာ ဖိတ်ခေါ်အသင်းတွေထဲက တစ်သင်း ဖြစ်ခဲ့ပါတယ်။
အုပ်စုအဆင့်မှာတင် ၃-၀ ရလဒ်ကို ဖန်တီးနိုင်ခဲ့ပါတယ်။အဆင့်၇ အဆင့်၈နေရာနဲ့ $25,000 ဆုကြေးရခဲ့ပါတယ်။ The international ပီး လ အနည်းငယ်ကြာတဲ့နောက် Evil Geniuses အသင်းထံ ပြန်ရောက်လာခဲ့ပါ
တယ်။ အဲကတည်းက ခုထိ EG မှာ ရပ်တည်နေတဲ့ ကစားသမားတစ်ဦး လည်း ဖြစ်ပါတယ်။
==================================================
၂၀၁၄
Arteezy, PPD, ZAI, Universe နဲ့Fear ပါဝင်တဲ့ "SADBOYS"အသင်းကို ဖွဲ့စည်းခဲ့ပါတယ်။ သူတို့ကစားခဲ့တဲ့ ၃ပတ်အတွင်း ၁၆-၂ ပွဲအထိ နိုင်ပွဲရအောင် ကစားနိုင်ခဲ့ပါတယ်။ အဲနောက် Evil Geniuses က အသင်းသစ်တစ်သင်းအဖြစ် ရွေးချယ်ခဲ့ပါတယ်။ The International 2014 ဖိတ်ခေါ်စာရပီးနောက် Fear ဟာ လက်မောင်းဒဏ်ရာ ရခဲ့ပါတယ်။ Mason "mason" Venne ဟာ Carry Role အဖြစ် Fear အစားဝင်ရောက်ခဲ့ပါတယ်။
Fear ကတော့ နည်းပြနေရာ ၀င်ခဲ့ပါတယ်။နေရာအအပြောင်းအလဲ ဖြစ်သွားခဲ့
ပေမယ့် တတိယဆုရအောင် စီမံနိုင်ခဲ့ပါတယ်။
ဒဏ်ရာသက်သာလာတဲ့နောက် သြဂုတ်မှာ EGမှာ ပြန်လည်ကစားခဲ့ပါတယ်။
==================================================
၂၀၁၅
ဖေဖော်ဝါရီလ Dota 2 Asia Championships ပြိုင်ပွဲမှာ ပထမဆု ရရှိခဲ့ပါတယ်။ တစ်နှစ်တည်းမှာပဲ The International 2015 ပထမကိုလည်း ဆွတ်ခူးခဲ့ပါတယ်။ အဲနောက်အသင်းဖော်Arteezyအသင်းကို ပြန်ရောက်လာပီး အသင်းလိုက်လျောညီထွေ ဖြစ်ဖို့သူဟာ "Carry" မှ "Support"သို့ ပြောင်းလဲကစားခဲ့ပါတယ်။ Frankfurt Major 2015 အစပိုင်းမှာ ရလဒ်ကောင်းတွေ ရခဲ့ပေမယ့်လည်း Arteezy ပါဝင်တဲ့ အသင်းသစ်ဟာ တတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
==================================================
၂၀၁၆
Shanghai Major 2016 မှာလည်း တတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
==================================================
TI 6 မှာလည်း ဘယ်လိုပုံစံတွေပြင်ဆင်လာမလဲ၊ မနှစ်ကလို skills အသစ်တွေ ထပ်မံ ဖန်တီးမလား၊ ပထမ ဆွတ်ခူးရယူဦးမှာလား ဆိုတာကိုတော့ ဖန်သားပြင်ပေါ်မှာပဲ
စောင့်မျှော်ကြည့်ရှုရင်း..........................................................................
https://en.wikipedia.org/wiki/Fear_%28video_gamer%29
WIKI မှ ဘာသာပြန်ထားခြင်းဖြစ်ပါတယ်။အမှားများပါရင် သည်းခံပေးကြပါ။
==================================================