Tuesday, June 21, 2016

OG Team

"Team OG ခေါ် ခေါင်းမာသောအဖွားကြီးများ"

The World First 9k MMR player ပါတဲ့ Team OG အသင်းဟာValve ရဲ့ Official Tournments ၂ခုကို ဆက်တိုက်အနိုင်ရရှိတဲ့ ပထမဆုံး အသင်းဖြစ်လာပါတယ်။ ဒါ့အပြင် ပထမဆုံး Manila Majorကို ရရှိတဲ့ အသင်းဖြစ်ပါတယ်။ဒီနေ့တော့ သူတို့ရဲ့ Team အကြောင်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ OG အသင်းဟာ
Monkey Business အသင်းက Players တွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ Miracle ကလည်း Monkey Business အသင်းမှာ ကစားခဲ့ပါတယ်။ သူတို့ရဲ့ထူးခြားချက်ကတော့ အသင်းနာမည်ကို အလန်းစားပေးထားတာပဲ ဖြစ်ပါတယ်။ အရင်အသင်းကိုလည်း Monkey Business လို့ပေးထားပါပဲ ။ အခုအသင်းဆိုရင်လည်း နာမည်က ခပ်ဆန်းဆန်းဖြစ်ပါတယ်။ OG ဟာ OG ဆိုပေမဲ့ အရှည်နာမည်ရှိပါတယ်။
တော်တော်များများက OG ကို "Original Gangsters" လို့ထင်ကြပေမဲ့ တကယ်တမ်းက "Opinionated Grandmas" ဖြစ်ပါတယ်။ ဗမာလိုပြောရရင်တော့ "ခေါင်းမာတဲ့ အဘွားကြီးပေါ့"။ အသက်ကြီးတဲ့ အဖွားတွေဆို နားဝင်အောင် အင်မတန် ပြောရခက်ပါတယ်။ ဆိုလိုရင်းကတော့ သူတို့ဟာ ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ ဘယ်တော့မှ လူမကွဲဘူးဆိုတဲ့ ဆိုလိုရင်းနဲ့ အမည်နာမ ပေးတာပဲ ဖြစ်ပါတယ်။ အသင်းကိုတော့ 2015 အောက်တိုဘာ ၃၁ရက်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ အရံအနေနဲ့ XCalibur က March ၂၅ရက်မှာ ၀င်ရောက်ခဲ့ပါတယ်။ လူစာရင်းကတော့ စုစုပေါင်း ၆ယောက်ဖြစ်ပါတယ်။ သူတို့ကတော့ Miracle, Notail, Moonmeander, Cr1t, Fly(Captain), Xcalibur(အရံ)တို့ ဖြစ်ပါတယ်။ သူတို့ရဲ့နည်းပြကတော့ 7ckngmad ဖြစ်ပါတယ်။ နည်းပြက ပြင်သစ်လူမျိုးပါ။ OG အသင်းဟာ The Manila Major 2016, DreamLeague Season 5, DreamLeague Season 4, The Frankfurt Major 2015 တွေမှာ ပထမအနိုင်ရရှိထားပါတယ်။
သူတို့ရဲ့ အဓိက PlayMaker ဖြစ်တဲ့ Miracleဟာ Jordan တစ်ဝက် Poland တစ်ဝက် စပ်ထားတဲ့သူ ဖြစ်ပါတယ်။အမည်ရင်းကတော့ Amer al-Barqawi ဖြစ်ပါတယ်။January 1,1997 မှာ မွေးဖွားခဲ့ပါတယ်။သူရဲ့ Signature heros တွေကတော့ Invoker, Shadow Fiend နဲ့ Storm Spirit ပဲ ဖြစ်ပါတယ်။2015 အစပိုင်းမှာ Balkans Bears အသင်းကိုJoin ခဲ့ပါတယ်။
ဒါပေမဲ့လည်း ၄လ အကြာမှာ အသင်းက ဖယ်ရှားခံခဲ့ရပါတယ်။ အသင်းမဲ့နေတဲ့အချိန်မှာ သူဟာ MMR Ranked အပျော်ပွဲတွေမှာ အနိုင်ရပီး world 8k MMR player W33 ကို ဖြတ်ကျော်ကာ World MMR rank 1 ရအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။အဲကစပီး ဥရောပတခွင်မှာ လူသိများလာခဲ့ပါတယ်။ အဲလို Rank 1 ဖြစ်လာတဲ့အချိန်မှာ TI 5 အပီး စတင်ခဲ့တဲ့ Monkey Business အသင်းက ဖိတ်ခေါ်ခဲ့ပါတယ်။ Sponser ရပီးတဲ့ အချိန်မှာ အသင်းဟာ OG အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ OG ဟာ ပထမဆုံးကျင်းပတဲ့ Frankfurt Major ကို ဖိတ်ခေါ်ခံရပီး Miracle ရဲ့ Shadow Fiend high performance တွေနဲ့အတူ ပြိုင်ပွဲကို ပထမရအောင် စွမ်းဆောင်နိုင်ခဲ့ ပါတယ်။ ဒါ့အပြင် တခြားအသင်းက Shadow Fiend ကို Ban ရလောက်အောင်အထိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။
မေလ၁၁ရက်နေ့ ၂၀၁၆မှာတော့ သူဟာ ပထမဆုံး 9k MMRကစားသမား ဖြစ်လာခဲ့ပါတယ်။
အချုပ်အားဖြင့်ဆိုသော် အိမ်ကနေပီး ကျောင်းပြေးကာ အခန်းထဲမှာ Game play သော Moonmeander, Style Smart ကျသော Captain Fly, အမှားမခံဘဲ တိတိကျကျ ကစားနိုင်တဲ့ Cr1t, မျက်လုံးပြူးလောက်အောင် အံ့ဖွယ် ကစားပြနိုင်တဲ့ Playmaker Miracle ပါဝင်တဲ့ "Team OG ခေါ် ခေါင်းမာသောအဖွားကြီးများ" ကတော့ TI6 မှာ Skills တွေ Draft တွေနဲ့ ပရိတ်သတ်ကို အံ့ဖွယ် တင်ဆက်မယ်ဆိုတာကတော့ လုံးဝသေချာနေပါတယ်။ တကယ်လို့သာ TI6ကို ရသွားခဲ့မယ်ဆိုရင်တော့ Official Tournments ၃(ခု)ကို အသင်းစဖွဲ့ ပီး အချိန်တိုအတွင်းမှာ အနိုင်ရရှိတဲ့ ပထမဆုံးအသင်း ဖြစ်လာတော့မှာပဲ ဖြစ်ပါတယ်။ Changelog အသစ်မှာ improvement လုပ်ထားတဲ့ Shadow Fiend ကို Miracle နဲ့အတူ တွေ့ရမလားဆိုတာတော့ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ခေါင်းမာတဲ့ အဖွားကြီးများကို TI6မှာ ဘယ်လိုတွေရသအပြည့်ပေးမယ်ဆိုတာ ကို စောင့်မျှော်ရင်း...........................
Credits-YDNB
အမှားအယွင်းပါခဲ့လျှင် သို့မဟုတ် ဖြည့်စွက်လိုသည်များရှိပါက Comment တွင် ဖြည့်စွက်နိုင်ပါတယ် ခင်မျာ။
*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*
နောက်ဆုံး News တွေ ၊ Change Log တွေကို YDNB Page မှာ ဖတ်ရှုနိုင်ရန်အတွက် YDNB Page ကို 'Like and See First' ပေးပါခင်မျာ။
မိမိကြိုက်နှစ်သက်သော အကြောင်းအရာများကိုလည်း မိမိ Wallပေါ်မှာ Share ထားခြင်းအားခြင့် အချိန်သက်သာစွာ ပြန်ကြည့်နိုင်ပါတယ်ခင်မျာ။
*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*_*
Steam Wallet ,Gaming Accessories(Gaming Mouse,Gaming Mouse mat, Gaming Keyboard,Headsets) နဲ့ Pc games တွေကို တစ်နေရာတည်းမှာ ရရှိနိုင်ပါတယ်ခင်မျာ။ အသေးစိတ်သိရှိလိုပါက Cb (သို့) ဖုန်းဆက်ကာ မေးမြန်းနိုင်ပါတယ်ခင်မျာ။
http://ydnbshop.blogspot.com/p/pc-gaming.html
24th Street, 81st & 82nd Street,Mandalay.
09-797356150
===================================================