Hitman Review
သည်းထိတ်ရင်ဖို Action Movies တွေဖြစ်တဲ့ Mi, James Bond, Takken
တို့လို ဇာတ်ကားမျိုးတွေကို ကြိုက်နှစ်သက်တယ်ဆိုရင် ကိုယ်တိုင် Agent
ဆန်ဆန် လျို့ဝှက်တိတ်တဆိတ် လှုပ်ရှားရမယ့်
ဂိမ်းဆိုရင်လည်း ကြိုက်နှစ်သက်မှာ
မလွဲဧကန်ပါပဲ။
လာမဲ့ March 11မှာ top gaming ဖြစ်တဲ့ hitman Season Premiere ထွက်တော့မှာပါ။ Agent တစ်ယောက်အနေနဲ့ လုပ်ကြံရမှာ ဖြစ်ပါတယ်။
PS4လိုကစားချင်ရင်လည်း ရပါတယ်။ Full controller support ပေးထားပါတယ်။
Steam store မှာ Full versionကို $59.99နဲ့ pre-order ပေးနေပါပီ။ Hitman
intro packကိုလည်း $14.99နဲ့ ရောင်းပေးနေပါတယ်။ ၂ခုလုံးက online mode
ရရှိတာပဲ ဖြစ်ပါတယ်။ ဘာကွာလဲဆိုတော့ full packs ဆိုရင် full missons
တွေရမယ်။ locations အကုန်ကစားရမှာပဲ ဖြစ်တယ်။ Intro ဆိုရင်တော့ Paris
episode ပဲ ပါဝင်မှာဖြစ်တယ်။ ကျန်တဲ့ episode တွေကတော့ မထွက်သေးပါဘူး။
April ကျရင် italy ရောက်မယ်။ မေလဆိုရင် Morocco နိုင်ငံရောက်မယ်။ Thailand
ကော USA ကော Japan ကော တဖြည်းဖြည်း Update ပေးသွားမှာ ဖြစ်လို့
ဇာတ်လမ်းသွားတွေကို ကြိုက်နှစ်သက်သူတွေအတွက် လက်မလွှတ်သင့်တဲ့ game တစ်ခုပါ။
ဒါ့အပြင် locations တွေနေရာစုံလို့ ရသအသစ်တွေ knowledgeအသစ်တွေ
ရရှိစေမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်း ပုံစံ ဆော့လို့ရသလို online mode ဖြစ်တဲ့
Live component ခေါ်တဲ့ challengeတွေ ပါဝင်လာမှာဖြစ်လို့
ဘယ်တော့မှာ ရိုးမသွားမယ့် game ပါပဲ။
online modeမှာ ဘာတွေပါလဲဆိုရင် Elusive Targets(ဖမ်းရခက်တဲ့
ပစ်မှတ်)တွေကို အချိန်အကန့်အသတ်နဲ့ လုပ်ကြံရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့်
သည်းထိတ်ရင်ဖိုစေမှာ အသေအချာပါပဲ။ အခွင့်အရေးကလည်း ၁ခါပဲ ၂ခါမပေးတော့
အပြင်က Agent တစ်ယောက်လို ခံစားရမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ကြံရမယ့်
လူတွေရဲ့ အကျဉ်းချုပ်တွေ၊ ဇာတ်ကြောင်းတွေ၊ ရှောင်နေရတဲ့ အကြောင်းတွေကို
ဖောပြထားလို့ ၀တ္ထုစာအုပ်ဖတ်သလို ခံစားရမှာ အသေအချာပါပဲ။ ထိုပစ်မှတ်တွေကလည်း
မြေပုံပေါ်မှာ ချက်ချင်း ပေါ်လာမှာ မဟုတ်ပါဘူး။ အဲပစ်မှတ်ကို
ရှာတွေ့ဖို့ဆိုရင် ပေးထားတဲ့clues ကို သုံးရမယ်။ ပေးထားတဲ့ ဗီဒီယိုတွေ
ဓာတ်ပုံတွေနဲ့ ရှာရမှာဖြစ်ပါတယ်။ Targetကို ရှာတွေ့ပီဆိုရင် ထိုTargetကို
လုပ်ကြံဖို့ သူရဲ့ အမူအကျင့်တွေကို လေ့လာပီး plan ချရမှာပဲ ဖြစ်ပါတယ်။
သင်ဟာ ပစ်မှတ်ကို လုပ်ကြံမယ်ဆိုရင် plan B ကိုလည်း
စဉ်းစားထားရမှာပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အဲ့Mission လုပ်နေရင်
save-game mode ကို Disable လုပ်ထားလို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင်
လူမှားပစ်မိရင် အဲ့Mission ကျရှုံးစေမှာပဲ ဖြစ်ပါတယ်။ တကယ့်Agent ၁ယောက်လို
လှုပ်ရှားရမယ့် အခွင့်အရေးပါပဲ။ game rewards တွေရရှိစေမှာပဲဖြစ်ပါတယ်။
အဲတော့ online ပဲဖြစ်ဖြစ် Story ပဲဖြစ်ဖြစ် ၂ခုလုံးက သင့်ကို
စိတ်ကျေနပ်မှုပေးမှာပါ။ leaderboardsနဲ့ဖော်ပြပေးသွားမှာဖြစ်လို့ သင်ဟာ
Agent skills ဘယ်လောက်ရှိလည်းဆိုတာ သိရမှာပါ။
Top Ten ၀င်ရင် CIA ကစောင့်ကြည့်ပီး ခေါ်မယ်လို့လည်း ပြောပါတယ်။ကတုံးတော့ တုံးရမယ်ပေါ့နော်။ (:P) နောက်တာပါ။


